Thursday, July 9, 2009
အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်(ရဟ်မသုလ္လာဟ် အလိုင်ဟ်)
အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်(ရဟ်မသုလ္လာဟ် အလိုင်ဟ်) နဲ့ ဦးဆုံး မိတ်ဆက် ပေးချင်ပါတယ်။
အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဟာ C.E ၆၉၉ / ၇၀၀ (သို့) ၇၀၂ / ၇၀၃ ခုမှာ အာရေဗျကျွန်းဆွယ် မဒီနဟ် မြို့မှာ ဖွားမြင်တော်မူ ခဲ့ပါတယ်။အီမာမ် ကြီးဟာ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့ "တွတ်" တော်ပါ။ အထက်အဆက်အနွယ်တော် အစဉ်အဆက်ကိုဖော်ပြရရင် အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဘင်န် အီမာမ် မုဟမ္မဒ် အလ်ဘာကိရ် ဘင်န် အီမာမ် အလီ (အီမာမ် ဇိုင်နုလ် အာဗေဒီးန်)ဘင်န် အီမာမ်ဟုစိုင်းန် (မြေးတော်) ဘင်န် အလီအိဗ်နိ အဗီသွာလိဗ် (စတုတ္ထ ခလီဖွာကြီး) + သမီးတော် ဖာသွိမဟ် ဘင်န်သိ မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ပါ
အီမာမ်ကြီးကို စွန်နီ မုစ်လင်မ်တွေ ရော ရှိအဟ် မုစ်လင်မ် တွေကပါ အစ္စလာမ် သာသနာရေးရာပညာရပ်များ ၊ ဝိဇ္ဇာ နဲ့ သိပ္ပံ ပညာ တို့ရဲ့ပညာရှင် ကြီးတစ်ဦးအဖြစ် ယနေ့တိုင် ရိုသေလေးစားကြပါတယ်။ ရှိအဟ်မုစ်လင်မ် တွေက အီမာမ်ကြီးကို ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့ အရိုက်အရာ ကို ဆက်ခံတဲ့ ခြောက်ပါးမြောက် အီမာမ် အဖြစ်ယုံကြည်လက်ခံကြပါတယ်။ရှိအဟ် မုစ်လင်မ် တို့ရဲ့ ဂျာဖရီ ဖိကဟ် ဟာအီမာမ်ကြီး ကို ရည်ညွှန်းတာပါ။ ဒါ့အပြင် ဆူဖီသွရီကဟ်လမ်းစဉ်အတော်များများဟာ သူတို့ရဲ့ ဆရာအစဉ်အဆက်ကို အီမာမ်ကြီးထံဆက်နွယ်ဖော်ပြကြပါသေးတယ်။ အဲဒီလို ဆက်နွယ်ဖော်ပြကြတဲ့ သွရီကဟ် လမ်းစဉ်တွေထဲမှာနက်ခ်ရှ်ဘန်ဒီယာ လမ်းစဉ် ဟာ ထင်ရှားပါတယ်။
အီမာမ် ကြီးဟာ ကုရ်အာန်၊ ဟဒီးဆ်၊ စုန္နဟ်၊ ဖွေကဟ် ပညာရပ်တို့ကို ပါရဂူမြောက် ကျွမ်းကျင် ရုံသာမက၊ သူ့ခေတ်သမယက နက္ခတ္တဗေဒ၊ဒဿနိကဗေဒ၊ တက္ကဗေဒ၊ ဓာတုဗေဒ (ရှေးဟောင်း)၊ ဆေးပညာ၊ ဆေးဝါးဗေဒ စတဲ့ ဝိဇ္ဇာ၊ သိပ္ပံပညာတို့ရဲ့ အဓိပတိကြီးတစ်ပါး လည်းဖြစ်ပါတယ်။အီမာမ်ကြီးထံမှာ ပညာဆည်းပူးခဲ့တဲ့ မြောက်မြားစွာသောတပည့်တွေထဲမှာ အီမာမ် အဗူဟနီဖဟ် (ဖွေကဟ်ပညာရှင်ကြီး) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊အီမာမ် မာလိက် ဘင်န် အနတ်စ် (ဖွေကဟ်ပညာရှင်ကြီး နှင့် မုအသ်သွာဟဒီးစ် ကျမ်းရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်)၊ အီမာမ် မူစာအလ်ကာဇွင်မ်(အီမာမ်ကြီး၏သားတော်နှင့် အစ်သ်နအရှရီရှိ အဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် အိစ်မာအိလ် (အီမာမ်ကြီး၏သားတော်နှင့် အိစ်မာအိလီ ရှိအဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် ဝစိလ် ဘင်န် အသွာ(မုသဇိလဟ် အတွေးအခေါ်ရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နှင့် ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (ဥရောပ သိပ္ပံပညာသမိုင်းတွင် လက်တင် အမည်GEBER ဖြင့် ကျော်ကြားသော သိပ္ပံပညာရှင်ကြီး) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) တို့ဟာ အလွန်ထင်ရှားကြပါတယ်။ အီမာမ်ကြီးဟာ သာသနာရေး၊သိပ္ပံ ဝိဇ္ဇာဆိုင်ရာ ကျမ်းပေါင်းများစွာကို ကိုယ်တိုင်ပြုစုခဲ့သလို သူ့တပည့်တွေ ကိုလည်း ကျမ်းပြု ပါရဂူ မြောက်တဲ့အထိ သင်ကြားပျိုးထောင်ခဲ့သူ ဖြစ်ပါတယ်။
အီမာမ် ကြီးဟာ အဗ္ဗဆီယာမင်း အလ်မန်စူးရ် လက်ထက် C.E ၇၆၅ ဒီဇင်ဘာလ မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခဲ့ပြီး၊ မဒီနဟ်မြို့ရှိဂျန်နသုလ်ဗကီးဟ် မှာ မြှုပ်နှံခြင်းခံခဲ့ရပါတယ်။
အလ္လာဟ်အရှင်မြတ် ၏ ဂုဏ်တော်အချို့
ဆက်သွယ်ရန်
infomuslim6@gmail.com
အမှာစကားလေးများပါးရန်
“ရှုးတိုးတိုး မဆူရ”
အမှတ်အသားများ
- ကုရ်အာန် (4)
- ဆွိယာမ် (4)
- ဇကားသ် (4)
- မွတ်စလင်မ်စွယ်စုံပညာရှင်ကြိးများ (5)
- မုဟမ္မဒုရ်ရစူလုလ္လာဟ် (9)
- လမြတ်ရမသွာန် (4)
- သရာဝီဟ် (5)
- သာသနာ့ဝိသေသများ (2)
- အစ္စလာမ့်ဂုဏ်ဆောင်ကြီးများ (4)
မွတ်စလင်မ်“အသိ”
အစ္စလာမုအလိုင်ကုမ်ဝရဟ် မသုလ်လာဟိဝဗရကဟ်
ကြီးကျယ်မြင့်မြတ်တော်မူသော၊ တစ်ဆူတည်း ဖြစ်တော်မူသော၊ မှအပ အခြားခဝပ် ကိုးကွယ်ရာမရှိသော၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော၊ မပြတ်မစဲသနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်မှ ငြိမ်းချမ်းသာယာမှု၊ မဟာကရုဏာတော်နှင့် မင်္ဂလာအပေါင်းတို့သည် ဤဘလော့ဂ်အား ဝင်ရောက်လေ့လာသူ လူသား အားလုံးတို့အပေါ်၌ ကျရောက်ပါစေ သတည်း။ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူသော အထက်ပါ အစ္စလာမ့် နှုတ်ခွန်းကို ရင်တွင်းလာ ဆန္ဒအပြည့်ဖြင့် လှိုက်လှိုက်လှဲလှဲ ဆက်သပြီးသကာလ၊ ဤဘလော့ဂ်နှင့် ပတ်သတ်၍ အနည်းငယ် စကားဦးသန်း နိဒါန်းပျိုး ပြီး ဝင်ရောက် ဖတ်ရှုသူများအား လေးစားစွာ မိတ်ဆက်သမှု ပြုဆိုမှသာလျှင် အလွန်သင့်မြတ်လှပေမည်ဟု ယူဆမိသည့်အလျှောက်......
အစ္စလာမ် ဘာသာဝင် ညီအစ်ကို မောင်နှမများ အား ကျွန်ုပ်လေ့လာ ဆည်းပူးထားသော သာသနာ့ဆိုင်ရာ "အသိ" များကို ဝေမျှ ရန် သော်လည်းကောင်း၊ ကျွန်ုပ်မသိသေးသည့်၊ မလေ့လာမိသည့် သာသနာ့ဆိုင်ရာ "အသိ" များကို ညီအစ်ကို မောင်နှမများထံမှ လိုလိုချင်ချင် ရှိ၍သော်လည်းကောင်း၊ သာသနာ့ အကျိုးဖြစ်ထွန်းစေမည့် အာတိကလ် များကို ပီပီပြင်ပြင် ရေးသားနိုင်သော မုစ်လင်မ် ညီအစ်ကို မောင်နှမများ ပေါ်ထွန်းလာ စေရန်သော် လည်းကောင်း၊ မုစ်လင်မ်အချင်းချင်းအကြား အယူအဆစွဲ၊ ဂိုဏ်းစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ ၍ ပေါ်ပေါက်တတ်သော အထင်အမြင်လွဲမှု၊ နားလည်မှားယွင်းမှု စသည်တို့ကို ရှောင်ရှားပြီး မြန်မာစကားကို မိခင်ဘာသာ စကားအဖြစ် ခံယူထားသော မြန်မာနိုင်ငံနေ မုစ်လင်မ်များ စည်းလုံး ညီညွတ်သော အုမ္မ္မဟ် တစ်ရပ်အဖြစ်ရပ်တည်၍ သာသနာ့အကျိုး၊ တိုင်းပြည်အကျိုးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက် ဝန်ထမ်းနိုင်ကြစေရန် ရည်ရွယ်၍ ဤဘလော့ဂ်အား တည်ထောင်ရခြင်းဖြစ်ပါသည်။
ရေးခဲ့ပြီးသမျှ
-
▼
2009
(28)
-
▼
July
(12)
- အကြီးကျယ်ဆုံးသော တန်ခိုးပြာဋိဟာ သက်သေ လက္ခဏာတော်
- ရှိုင်ခ် အိဗ်နု အလ်ဟိုင်ယ်သမ် (Alhazen) (ရ.ဟ)
- အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း(၂)
- ရှိုင်ခ် အိဗ် နိရုရှ်ဒ် (Averroes) (ရ.ဟ)
- ရှိုက်ခ်အိဗ်နိစီနာ (AVICENNA) (ရ.ဟ)
- တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်
- "အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
- အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း
- ကုရ်အာန်
- အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်(ရဟ်မသုလ္လာဟ် အလိုင်ဟ်)
- ရှိုက်ခ် အိဗ်နိ နဖီးစ် (ရ.ဟ)
- ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) (ရ.ဟ)
-
▼
July
(12)
1 comment:
သိပ်ကောင်းတဲ့တင်ပြမှုပဲ
Post a Comment
Note: Only a member of this blog may post a comment.