Saturday, July 11, 2009

"အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

၂။ အချို့ဘာသာဗေဒပညာရှင် များက "ကုရ်အာန်" ဟူသော ဝေါဟာရ သည်"စုစည်းရန်" ဟုအဓိပ္ပါယ် ရသော "ကုရ်အ"ဟူသောဝေါဟာရမှဆင်းသက်သော နာမ်ကိုအထူးပြုသောပုဒ်ဖြစ်သည် ဟုယူဆကြသည်။ အရဗ်လူမျိုးများကလည်း"ကရသုလ်မာအ ဖွိလ်ဟောသွ်" ကျွန်တော်သည် ရေကိုဇလားထဲတွင် စုစည်း(ဖြည့်)
ပြီးပြီ။" ဤကဲ့သို့ပြောဆိုလေ့ရှိသည်။ အလ္လာဟ် ၏ "စကားတော်" ကျမ်းတော်မြတ်ကုရ်အာန်သည်လည်း အာယဟ်တော်များ၊ စူရဟ်တော်များကို စုစည်းထားခြင်းသာ ဖြစ်သည်။ ဤသည်ကိုအထောက်အထားပြု၍ "ကုရ်အာန်" သည် "ကုရ်အ" ဟူသောပုဒ်မှ ဆင်းသက်သည်ဟု ယူဆကြပေသည်။

၃။ ပညာရှင်ကြီး အလ်အရှရီအပါအဝင် ပညာရှင်အချို့က ဝေါဟာရ "ကုရ်အာန်" သည်"ဆက်နွယ်သည်"၊ "ဆက်စပ်သည်" ဟု အဓိပ္ပါယ်ရသည့် "ကရန" ဟူသောကြိယာပုဒ် မှ ဆင်းသက်လာသည်ဟုယူဆကြသည်။ အာရဗီစကားဖြင့် တစ်ခုနှင့် တစ်ခုဆက်စပ်သည်ကို "ကရန်သုရှ်ရှိုင်ယ်အ ဘိရှ်ရှိုင်ယ်အ" ဟု ပြောဆိုသည်။ ကျမ်းတော်မြတ်၏ အာယဟ်တော်များနှင့် စူရဟ်တော်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ် ထားခြင်းဖြစ်သည်။ ဤသည့် အတွက်ကြောင့် မြတ်တမန်တော်ထံ ပို့ချခဲ့သည့် ကျမ်း၏ နာမတော်တစ်ခုသည် "ကုရ်အာန်" ဖြစ်သည်ဟု ယူဆကြပါသည်။

၎။ ပညာရှင်ကြီးအလ်ဖရ်ရာ ကမူ ဝေါဟာရ "ကုရ်အာန်" သည် တူညီသည့်အရာများ ဟုအဓိပ္ပါယ်ရသည့် "ကရာအင်န်" ဟူသောပုဒ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းတော်မြတ်၏ အာယဟ်တော်များကလည်း တစ်ခုနှင့်တစ်ခု ဆင်ဆင်တူသယောင် ဖြစ်သည်ဟုယူဆကြသည်။

၅။ ပညာရှင်ကြီး အရှ်ရှာဖွီ ၏အဆိုအရ "အလ်ကုရ်အာန်" ဟူသော ဝေါဟာရသည် အလ္လာဟ်အရှင်မြတ်
အထံတော်မှ မြတ်တမန်တော်ထံသို့ ပို့ချတော်မူခဲ့သော ကျမ်းဂန် ၏ နာမတော် သက်သက်သာလျှင်
ဖြစ်သည်။ အထက်ပါအဆိုများတွင်ဖော်ပြထားသကဲ့သို့ မည်သည့် ပုဒ်များမှဆင်းသက်သည်မဟုတ်။
ရှေးကျမ်းမူရင်းများ သောဝ်ရားသ် နှင့် အင်န်ဂျီင်လ် တို့၏အမည်များကဲ့သို့ပင်ဖြစ်သည် ဟု လေ့လာ
မှတ်သားဖူးပါသည်။

အထက်ပါအဆို၊အယူအဆ တို့အနက်၊ နံပါတ် (၁) နှင့် (၂) တို့မှာ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိသည်။ အရေးကြီးသော သိရှိမှတ်သားထားရန်အချက်တစ်ချက်မှာ ကျမ်းတော်မြတ်တွင် အကြိမ် (၇၀) လာရှိသော "ကုရ်အာန်" ဟူသော ဝေါဟာရ နာမတော်သည် ကျမ်းတော်မြတ်တစ်ခုလုံးကို ရည်ညွန်းသည်သာမက၊ စူရဟ်တစ်ပုဒ်ခြင်း၊ အာယဟ်တော် တစ်အာယဟ် ချင်းကိုလည်း ရည်ညွှန်းခေါ်ဝေါ်ကြောင်းပင်ဖြစ်သည်။

ကျမ်းတော်မြတ် ၏ အခြားနာမတော်များ

ဤခေါင်းစဉ်ငယ်တွင် ကျမ်းတော်မြတ်၏အခြားနာမတော်များအနက်မှ အချို့ကို ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။

"အလ်ကုရ်အာန်"သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ မြတ်တမန်တော်ထံသို့ ပို့ချတော်မူခဲ့သော ကျမ်းတော်မြတ်၏ တစ်ခုတည်းသောနာမတော်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ကျမ်းတော်မြတ်ကို ကျမ်းတော်မြတ်တွင်ပင်အခြားနာမတော်များဖြင့်လည်း ညွှန်းဆိုထားပေသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၂း၂ တွင် "ဇာလိကလ်ကိသားဘု လာရိုင်ယ်ဘဖွီးဟိ" (ယင်းကျမ်းမြတ်နှင့်
စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအကြောင်းအလျှင်းမရှိပြီ။) ဟုမိန့်တော်မူထားခြင်းကို
အကြောင်းပြု၍ ကျမ်းတော်မြတ်သည် "အလ်ကိသားဗ်" ဟုလည်း အမည်ရကြောင်းလေ့လာသိရှိရပါသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၁၅း၉ တွင် "အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ" (ဧကန်စင်စစ်ငါအရှင်မြတ်
သည်ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနားတော်မူခ
ဲ့လေသည်။) ဤသို့အားဖြင့် ကျမ်းတော်မြတ် ၏ အခြားနာမတော်တစ်ခုမှာ "အဇ်ဇိက်ရ်" ဖြစ်ကြောင်း
အထောက်အထားရလေသည်။ ၎င်းပြင် ကျမ်းတော်မြတ်ကုရ်အာန် ၂၅း၁ တွင် "သဘာရကလ်လဇီ
နဇ္ဇလလ် ဖုရ်ကာနအလာအဘ်ဒိဟီ" အမှားအမှန်ဝေဖန်ပိုင်းခြားပေးအပ်သော (ကျမ်းဂန် ကုရ်အာန်)
ကို မိမိကျွန်အပေါ်ဝယ် ချပေးသနားတော်မူ ခဲ့သောအရှင်မြတ်သည် ကောင်းချီးမင်္ဂလာ အပေါင်းနှင့်
ပြည့်စုံတော်မူပါပေသည်။

အထက်ပါအာယဟ်တော်အားဖြင့် ကျမ်းတော်မြတ်သည် "အလ်ဖုရ်ကာန်" (အမှားအမှန်ဝေဖန်ပိုင်းခြား
အပ်သော ကျမ်းဂန်) ဟုလည်း နာမတော်ရကြောင်းသိရှိရပေသည်။ နောက်တစ်မျိုးသော နာမတော်သည်
ကား "သန်ဇီလ်" ဖြစ်ပေသည်။ ကျမ်းတော်မြတ်လာ အထောက်အထားကိုတင်ပြရသော် ကျမ်းတော်မြတ်
ကုရ်အာန် ၂၆း၁၉၂ တွင် "ဝအင်န်နဟူ လသန်ဇီးလု ရဗ္ဖိလ်အားလမီးန်" (၎င်းပြင်မလွဲဧကန် ဤ (ကုရ်အာန်
ကျမ်းတော်မြတ်) သည် စကြဝဠှာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော
(ကျမ်းဂန်) ပင်ဖြစ်ချေသည်။)

ဤတွင် "အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်" ခေါင်းစဉ်ငယ် နှင့် "ကျမ်းတော်မြတ် ၏ အခြားနာမတော်များ"ခေါင်းစဉ်ငယ် ကို အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့် ရေးသားပြီးဆုံးပြီဖြစ်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.